အရည်အသွေးကောင်း သဘာဝမြေပဲဆီသန့် (စက်ဆီ) " မင်္ဂလာသန်း "
ဘဝအတွက်လူရွေးမှန်ဖို့လိုသလို..........
ကိုယ့်ရဲ့ကျန်းမာရေးအတွက် ခန္ဓာကိုယ်အတွက်မဖြစ်မနေလိုအပ်သလောက်စားသုံးရမဲ့ "ဆီ" ကိုအရွေးမှန်ဖို့ကလဲသိပ်ကိုအရေးကြီးပါတယ်နော် 
မြန်မာလူမျိုးတွေရဲ့ အစဉ်အလာအရ ရှေးယခင်ကတည်းကဆီကိုဖောဖောသီသီသုံးစွဲခဲ့ကြတာဖြစ်လို့ "ဆီကိုရေချိုး ဆေးရိုးမီးလှုံ" ဆိုတဲ့စကားပုံလေးတောင်ရှိခဲ့ကြသေးတာကိုး. ဆီက နှုတ်မြိန်စေပြီး အင်အားဖြစ်စေတာ မှန်ပေမဲ့ ဆီစားများရင် ကယ်လိုရီရရှိမှုဟာ လိုအပ်တဲ့ပမာဏထက် ပိုလာပြီး အဝလွန်အဆီပိုဖြစ်လာကြတတ်ပါတယ်။ ထိုမျှမက အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ စသည်တို့ ဖြစ်နိုင်ခြေ အလား အလာများလည်း မြင့်တက်လာနိုင်တာပေါ့....
ဒါကြောင့် ဘယ်လိုဆီမျိုးကိုချင့်ချိန်စားသုံးသင့်ပါသလဲ??? 
မပြည့်ဝဆီ (Unsaturated Fats) ကိုသင့်တင့်စွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သောသွေးတွင်းအဆီဓာတ် (HDL) တို့ကိုမြင့်တက်စေပြီး မကောင်းသောအဆီဓာတ်(LDL) တို့ကို လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား-၂ ဆီးချိုရောဂါ၊ မကူးစက်နိုင်သည့်ရောဂါများဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ (ဥပမာ- မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ)
ဘယ်လိုဆီမျိုးကိုရှောင်ရှားသင့်သလဲ??? 
ပြည့်ဝဆီ(Saturated Fats) ကို စားသုံးခြင်းကြောင့် မကောင်းတဲ့ သွေးအတွင်းအဆီဓာတ်(LDL)များ လွန်ကဲစွာမြင့်တက်စေပြီး အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေးဖက်နာ၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများ ကျဉ်းကာ နှလုံးသွေးကြော ပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ (ဥပမာ- စားအုန်းဆီ၊ စားအုန်းဆီရောနှောဆီများ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ)
ကဲ....ဒါဆိုရင်တော့ Unsaturated Fats အမျိုးအစားထဲမှာပါတဲ့ ကျန်းမာရေးအတွက်အထောက်အကူလဲပြုပြီး အရောအနှော ၁၀၀ ရာခိုင်နှုန်းကင်းတဲ့နေရာမှာပထမတန်း "မင်္ဂလာသန်း" ဆီစက်ကထုတ်လုပ်တဲ့ သဘာဝမြေပဲဆီသန့်သန့်လေးက ချစ်မိတ်ဆွေများအတွက် အဆင်သင့်ရှိနေပါတယ်ရှင့်. 
မန္တလေးမြို့မှာတည်ရှိတဲ့ မင်္ဂလာသန်း ဆီစက်ကနှစ်ပေါင်း ၅၅ နှစ်နီးပါးသက်တမ်းရှည်ကြာခဲ့ပြီဖြစ်ပြီး စတင်တည်ထောင်ကတည်းကအစဉ်မလာမပျက် အရောအနှော ရာနှုန်းပြည့်ကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်ခြောက်သွေ့တဲ့မြေပဲမျိုးကောင်း မျိုးသန့်တွေကိုထပ်မံသန့်စင်ရွေးထုတ်ပြီး စနစ်တကျစံချိန်စံညွှန်းနဲ့ အညီကြိတ်ခွဲထုတ်လုပ်ထားတဲ့အတွက်ရာနှုန်းပြည့်စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါတယ်.
ဈေးနှုန်းကိုလဲ စားသုံးသူများအတွက်အရည်အသွေးကောင်းဆီကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ချိန်ညှိရောင်းချပေးနေတဲ့အတွက် လူမျိုးမရွေး၊ ဘာသာမရွေး မှန်ကန် တဲ့ဈေးနှုန်းနဲ့ ဝယ်သူသုံးစွဲနိုင်ကြတာဖြစ်ပါတယ်ရှင့်. 


ကုန်ပစ္စည်းရောင်းချတဲ့သူဟာ မိမိရဲ့ရောင်းကုန်ကို ကိုယ်တိုင်သုံးစွဲစားသုံးရဲမှ စားသုံးသူထံကိုပို့ဆောင်ရမယ်ဆိုတဲ့ ကျင့်ဝတ်ကို "မင်္ဂလာသန်း" ကအတိအကျ လိုက်နာကျင့်သုံးတဲ့အတွက် စားသုံးသူများအတွက်အရည်အသွေးအကောင်းဆုံး သဘာဝမြေပဲဆီသန့်ကိုသာ ရာနှုန်းပြည့်အာမခံပြီးရောင်းချပေးနေတာဖြစ်ပါတယ်. 


ယုံကြည်စွာအစဉ်မပြတ် မှာယူသုံးစွဲနေကြတဲ့ ချစ်စွာသောမိတ်ဆွေသစ် မိတ်ဆွေဟောင်းများကိုလဲ အထူးပဲကျေးဇူးတင်ရပါတယ်ရှင့် 
မင်္ဂလာသန်းသဘာဝမြေပဲဆီသန့်လေးကိုမှာယူလိုရင်တော့ ......
The SHOP page messenger ကနေလဲမှာကြားနိုင်ပါတယ်နော်
Telegram Link ကတော့
Comments
Post a Comment